Saturday, November 10, 2007

ပဲခူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရားများ

ပခုးမြို့တွင် ရွှေမော်ဓောဘုရား၊ ဟသာင်္ကုန်းဘုရား၊ မဟာစေတီ၊ ရွှေသာလျောင်းဘုရား၊ မြသာလျောင်းဘုရား၊ စိန်သာလျောင်းဘုရား၊ မဟာကြီးဘုရား၊ ရွှေဂူလေးဘုရား၊ ကျိုက်ပွန်ဘုရား စသည်ဖြင့် ကြည်ညိုဖွယ်ရာ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရားများ အများအပြားရှိပါသည်။

Friday, November 9, 2007

လူ၏တန်ဖိုး


လူသား၏ဂုဏ်ရည်မှာ တာဝန်ကျေပွန်ခြင်းပင်ဖြစ်သည်။ လူ့ဘ၀၏ အနှစ်သာရမှာ လူ့ဘောင်ကောင်းကျိုးကို သယ်ပိုးဆောင်ရွက်ရန်ပင်ဖြစ်သည်။ ကမ္ဘာ့လူသား သန်းပေါင်း (၆၀၀၀)ကျော်၏ အကျိုးစီးပွားကို မထမ်းနိုင်သေးလျှင် နေပါစေဦး။ အမိအဖဟူသော အနန္တော ၊ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်လူနှစ်ဦးအပေါ် ကိုကားမဖြစ်မနေ ကျေးဇူးဆပ်ရပေမည်။

ယဉ်ကျေးသူ


လူ့ဘ၀၏ အောင်မြင်ခြင်း ၊ချမ်းသာခြင်း ၊ ကြွယ်ဝခြင်း ၊ ပျော်ရွှင်ချမ်းမြေ့ခြင်းဆိုသည်မှာ မိမိတစ်ယောက်တည်း မရရှိနိုင်ပေ။ မိသားစု၊ ဆွေမျိုး၊ ရပ်ရွာ၊ အသိုက်အအုံ၊ အသိုက်အ၀န်း၊ ပြည်သူလူထု၏ ချစ်ခင်ကြည်ဖြူမှုကို လိုအပ်ပေသည်။ လူအများ၏ မေတ္တာကိုရရှိမှ မိမိ၏အောင်မြင်တိုးတက်မှုများသည် ကြီးမားမည် ၊ ခိုင်မာမည်။ သူတစ်ပါးထံမှ မေတ္တာကို ရရှိရန်မှာ ယဉ်ကျေးသိမ်မွေ့ရပေမည်။ ယဉ်ကျေးမှုသည် ဆွဲဆောင်အား ကောင်းမွန်သော သံလိုက်ဓါတ်တစ်မျိုးပင်ဖြစ်ပေသည်။ ယဉ်ကျေးသူများဖြစ်ကြပါစေ........

ပန်းပျိုးသူ၏အလင်္ကာ



ကိုယ်တိုင်ထိတွေ့နေရသော အကြားအမြင်၊ ပန်းချီကား၊ တေးသွား လင်္ကာတို့ထက်
ပိုမိုလှပသာယာပုံကို အရသာရှိရှိ ခံစားနိုင်ကြပါစေ...

သဘာဝအလှအပ

ဟံသာတိုင်းအတွင်း သာယာရှုမောဖွယ် သဘာဝရှုခင်းများ
စုံလင်လှပါသည်။